ထိုင်းနိုင်ငံတွင် ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ မနက် ၇ နာရီအချိန် ချင်းမိုင် ရှိ ဒွယ်အင်သနွန် တောင်ပေါ်မှာ ရာသီဥတု အလွန်အေးနေပြီး အပူချိန် ၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိကာ ဒီနှစ်ရဲ့ ပထမဆုံး ရေခဲအစက် ကလေးတွေက်ိုစတင်တွေ့ရှိခဲ့ရပါတယ်။စနေ၊ တနင်္ဂနွေ ပိတ်ရက်များမှာ လာရောက်လည်ပတ်သူတွေ ပြည့်နှက်နေခဲ့ပြီး ဒီနေ့ တနင်္လာနေ့မနက်ပိုင်းမှာလည်း နေထွက်တာကို ကြည့်ရှုဖို့ ခရီးသွားတွေဟာ တောင်ပေါ်ကို တဖွဲဖွဲနဲ့ လာရောက်လည်ပါတ်နေကြပါတယ်။



