back

QR ကုဒ်ပါသော တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်အတုများ ထွက်ပေါ်နေကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန သတိပေး

Nov 25 • 1:43 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

QR ကုဒ်ပါသော တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်အတုများ ထွက်ပေါ်နေကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန သတိပေး

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက QR ကုဒ်ပါဝင်သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်အတုများ ထွက်ပေါ်နေကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အသိပေးချက် ထုတ်ပြန်ခဲ့သည်။ ၂၀၂၄ ...

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက QR ကုဒ်ပါဝင်သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်အတုများ ထွက်ပေါ်နေကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အသိပေးချက် ထုတ်ပြန်ခဲ့သည်။ ၂၀၂၄ ခုနှစ်မှ စတင်ကာ စာစစ်ဦးစီးဌာနသည် အောင်လက်မှတ်အစစ်များကို verify.dme.gov.mm ဟူသော တရားဝင် (gov.mm) URL သို့ ချိတ်ဆက်သည့် QR ကုဒ်ဖြင့် ထုတ်ပေးခဲ့သည်။ ထွက်ပေါ်နေသည့် အောင်လက်မှတ်အတုများတွင်ပါသော QR ကုဒ်များသည် ယင်းတရားဝင် URL သို့မဟုတ်ဘဲ အခြား Website URL တစ်ခုသို့ ချိတ်ဆက်ထားသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် verify.dme.gov.mm သို့ ချိတ်ဆက်၍ အချက်အလက် စစ်ဆေးနိုင်မှသာ အောင်လက်မှတ်အစစ်ဖြစ်ပြီး၊ အခြား Website URL သို့ ချိတ်ဆက်ပါက အတုဖြစ်သည်ဟု စာစစ်ဦးစီးဌာနက အတိအလင်း သတိပေးထားသည်။

news-view-count-icon

64