back

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကြောင်းတွင် စောင့်ကြည့်ရေးနေရာ ၁၃ ခုလုံး၌ အာဆင်းနစ်ဓာတ်ပါဝင်မှု သတ်မှတ်ချက်ကျော်လွန်နေ

Nov 25 • 1:42 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကြောင်းတွင် စောင့်ကြည့်ရေးနေရာ ၁၃ ခုလုံး၌ အာဆင်းနစ်ဓာတ်ပါဝင်မှု သတ်မှတ်ချက်ကျော်လွန်နေ

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ပြည်နယ်ရှိ သံလွင်မြစ်ကြောင်း စောင့်ကြည့်ရေးနေရာ ၁၃ ခုလုံးတွင် အာဆင်းနစ်ဓာတ် ပါဝင်မှုနှုန်းသည် ဘေးအန္တရာယ်ကင်းရှင်းမှု စံသတ်မှတ်ချက် ...

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ပြည်နယ်ရှိ သံလွင်မြစ်ကြောင်း စောင့်ကြည့်ရေးနေရာ ၁၃ ခုလုံးတွင် အာဆင်းနစ်ဓာတ် ပါဝင်မှုနှုန်းသည် ဘေးအန္တရာယ်ကင်းရှင်းမှု စံသတ်မှတ်ချက် (တစ်လီတာလျှင် 0.01mg) ထက် ကျော်လွန်နေကြောင်း မြစ်ရေညစ်ညမ်းမှု ထိန်းချုပ်ရေးဌာန က စစ်ဆေးတွေ့ရှိခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် မြစ်ရေနှင့် နုံးနမူနာများကို စုဆောင်းစစ်ဆေးခဲ့ရာ တစ်နေရာတွင် ခဲဓာတ်ပါဝင်မှုသည်လည်း စံသတ်မှတ်ချက် (0.05mg)ထက် ကျော်လွန်နေသည်ကို တွေ့ရှိခဲ့ရသည်။ PCD ညွှန်ကြားရေးမှူးချုပ် ဆူရင် ဝိုရာကစ်ထမ်မရောင်က ဤတွေ့ရှိချက်နှင့်ပတ်သက်၍ မြစ်အထက်ပိုင်းရှိ ညစ်ညမ်းမှု ဖြစ်နိုင်သော အရင်းအမြစ်များကို စုံစမ်းစစ်ဆေးပေးရန် မြန်မာနိုင်ငံကို အသိပေးအကြောင်းကြားရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုက်တွန်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

news-view-count-icon

19