back

မလေးရှားနိုင်ငံက ၁၆ နှစ်အောက် ကလေးများအတွက် ဆိုရှယ်မီဒီယာသုံးစွဲခွင့် ပိတ်ပင်ရန် စီစဉ်

Nov 25 • 1:40 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားနိုင်ငံက ၁၆ နှစ်အောက် ကလေးများအတွက် ဆိုရှယ်မီဒီယာသုံးစွဲခွင့် ပိတ်ပင်ရန် စီစဉ်

မလေးရှားနိုင်ငံသည် ကလေးများအပေါ် အွန်လိုင်းမှ ဆိုးကျိုးသက်ရောက်မှုများကို ကာကွယ်ရန်အတွက် အသက် ၁၆ နှစ်အောက် ကလေးများ၏ ဆိုရှယ်မီဒီယာအကောင့်များအား ပိတ်ပင်သွားရန် ...

မလေးရှားနိုင်ငံသည် ကလေးများအပေါ် အွန်လိုင်းမှ ဆိုးကျိုးသက်ရောက်မှုများကို ကာကွယ်ရန်အတွက် အသက် ၁၆ နှစ်အောက် ကလေးများ၏ ဆိုရှယ်မီဒီယာအကောင့်များအား ပိတ်ပင်သွားရန် စီစဉ်နေကြောင်း ဆက်သွယ်ရေးဝန်ကြီး ဖာမီဖက်ဒ်ဇီးလ်ကို ကိုးကား၍ သတင်းများက ဖော်ပြသည်။ မလေးရှားနိုင်ငံသည် အွန်လိုင်းဘေးကင်းလုံခြုံရေးကို ခိုင်မာအောင် ဆောင်ရွက်ရန် စိစစ်အတည်ပြုခြင်းဆိုင်ရာ စည်းမျဉ်းသစ်များ ပြဌာန်းသွားမည်ဖြစ်ပြီး၊ ဆိုရှယ်မီဒီယာအသုံးပြုသူများ၏ အနိမ့်ဆုံးအသက်အရွယ်ကို မူလ ၁၃ နှစ်မှ ၁၆ နှစ်သို့ တိုးမြှင့်သတ်မှတ်ရန် အောက်တိုဘာလက ဆုံးဖြတ်ခဲ့သည်။ ဤအစီအစဉ်ကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင် စတင်မည့် သြစတြေးလျနိုင်ငံ၏ အလားတူ ဆိုရှယ်မီဒီယာ ပိတ်ပင်မှုအစီအစဉ်မှ ထွက်ပေါ်လာသည့် အခြေအနေများကို စောင့်ကြည့်ပြီး ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

news-view-count-icon

19