back

ကျွန်းလှမြို့နယ် ဒေသခံများ တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးခြင်းမှ မိသားစုဝင်ငွေရရှိ

Nov 25 • 1:39 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ကျွန်းလှမြို့နယ် ဒေသခံများ တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးခြင်းမှ မိသားစုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် ဒေသခံများသည် ချောင်းရေ၊ မြောင်းရေနှင့် မြေအောက်ရေတင်၍ ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးကြရာတွင် တစ်ပိုင်တစ်နိုင် ခရမ်း...

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ် ဒေသခံများသည် ချောင်းရေ၊ မြောင်းရေနှင့် မြေအောက်ရေတင်၍ ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးကြရာတွင် တစ်ပိုင်တစ်နိုင် ခရမ်းစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေ အကျိုးအမြတ် ရရှိနေကြောင်း သိရသည်။ ရှမ်းစုကျေးရွာမှ ခရမ်းစိုက်ပျိုးသူတစ်ဦး၏ ပြောကြားချက်အရ ခရမ်းတစ်ခင်းကို သုံးလခန့် ကောက်ယူရပြီး နှစ်ရက်ခြားတစ်ခါ ကောက်ပါက ပိဿာချိန် ၁၅၀ ခန့် ရရှိကာ တစ်ပိဿာ ငွေကျပ် ၂,၅၀၀ ဈေးဖြင့် ရောင်းချရကြောင်း သိရသည်။ ခရမ်းသီးနှံသည် စိုက်ပျိုးရလွယ်ကူပြီး ကုန်ကျစရိတ် သက်သာမှုရှိသည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှလည်း တောင်သူများအား ကျန်းမာရေးနှင့်ညီညွတ်သော ဓာတုကင်းစင်သီးနှံများ ရရှိစေရန်အတွက် သဘာဝအားဆေး၊ သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်းဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

news-view-count-icon

20