back

တောင်ကိုရီးယား၊ ဂျယ်ဂျူးကျွန်းအနီး အူဒိုကျွန်း၌ ဗင်ကားတိုက်မှုကြောင့် ခရီးသွား ၃ ဦး သေဆုံး

Nov 25 • 1:49 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယား၊ ဂျယ်ဂျူးကျွန်းအနီး အူဒိုကျွန်း၌ ဗင်ကားတိုက်မှုကြောင့် ခရီးသွား ၃ ဦး သေဆုံး

တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူးကျွန်းအနီးရှိ အူဒိုကျွန်း (Udo Island) တွင် နိုဝင်ဘာလ ၂၄ ရက်၊ နေ့လယ်ပိုင်းက ကူးတို့ဆိပ်အနီး၌ မော်တော်ယာဉ် မတော်တဆမှုတစ်ခု ဖြစ်ပွာ...

တောင်ကိုရီးယားနိုင်ငံ၊ ဂျယ်ဂျူးကျွန်းအနီးရှိ အူဒိုကျွန်း (Udo Island) တွင် နိုဝင်ဘာလ ၂၄ ရက်၊ နေ့လယ်ပိုင်းက ကူးတို့ဆိပ်အနီး၌ မော်တော်ယာဉ် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရာ ခရီးသွားဧည့်သည် ၃ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောသည်။ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသော ဗင်ကားတစ်စီးသည် ကူးတို့သင်္ဘောပေါ်မှ ဆင်းလာစဉ် ရုတ်တရက် အရှိန်မြင့်တက်ကာ လမ်းသွားလမ်းလာ ခရီးသွားများကို အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူ သုံးဦးတွင် လမ်းလျှောက်လာသူ အသက် ၇၀ နှင့် ၈၀ အရွယ် အမျိုးသားနှစ်ဦးနှင့် ဗင်ကားထဲတွင် လိုက်ပါလာသည့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးတို့ ပါဝင်ပြီး ၎င်းတို့အားလုံးမှာ ခရီးသွားဧည့်သည်များဖြစ်ကြောင်း သိရသည်။

news-view-count-icon

20