ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယားနိုင်ငံနယ်စပ်ရှိ ဆာကဲဝ်ခရိုင်၊ အာရန်ယပ်ခရိုင်နယ်မြေများတွင် တရားမဝင် ပြန်လည်ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသား ၂၀ ဦး (အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၇ ဦး) ကို နယ်ခြားစောင့်တပ်ရင်းက နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ ၎င်းတို့သည် ဘတ် ၁၅,၀၀၀ မှ ၂၅,၀၀၀ အထိ လစာဖြင့် အလုပ်လုပ်ရန် ဆွဲဆောင်ခေါ်ဆောင်ခြင်းခံရပြီး ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပက်မြို့သို့ ပို့ဆောင်ခံခဲ့ရသည်။ ပွိုင်ပက်တွင် တရုတ်လူမျိုးတစ်ဦး၏ အမိန့်ဖြင့် ဘဏ်အကောင့်များဖွင့်ရန်အတွက် ချုပ်နှောင်ခံရပြီး ဖုန်းများ သိမ်းဆည်းခံရကာ ရိုက်နှက်ခံရမှုများ ရှိခဲ့ကြောင်း ဝန်ခံခဲ့ကြသည်။ ဘဏ်အကောင့်ဖွင့်ပြီးနောက် ၎င်းတို့အား ထိုင်းသို့ ခြေလျင်လျှောက်ကာ တရားမဝင် ဖြတ်ကျော်ဝင်ရောက်စေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးရမိသူ ၂၀ ဦးကို ဥပဒေအရ အရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။
Nov 25 • 1:34 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


