back

နာပိုလီနည်းပြ ကွန်တီက မာရာဒိုနာ နှစ်ပတ်လည်နေ့အတွက် ကာရာဘတ်ကို အနိုင်ယူလိုကြောင်း ပြောကြား

Nov 25 • 1:35 AM

breaking-news

မြန်မာ

ပြည်ပ

cover

နာပိုလီနည်းပြ ကွန်တီက မာရာဒိုနာ နှစ်ပတ်လည်နေ့အတွက် ကာရာဘတ်ကို အနိုင်ယူလိုကြောင်း ပြောကြား

နာပိုလီနည်းပြ ကွန်တီက ချန်ပီယံလိဂ်ပွဲစဉ် (၅) အဖြစ် မနက်ဖြန်ည (နိုဝင်ဘာ ၂၅) တွင် အိမ်ကွင်း၌ ယှဉ်ပြိုင်ရမည့် ကာရာဘတ်အသင်းနှင့်ပွဲကို အနိုင်ရရှိလိုကြောင်း ပြောကြား...

နာပိုလီနည်းပြ ကွန်တီက ချန်ပီယံလိဂ်ပွဲစဉ် (၅) အဖြစ် မနက်ဖြန်ည (နိုဝင်ဘာ ၂၅) တွင် အိမ်ကွင်း၌ ယှဉ်ပြိုင်ရမည့် ကာရာဘတ်အသင်းနှင့်ပွဲကို အနိုင်ရရှိလိုကြောင်း ပြောကြားခဲ့သည်။ နိုဝင်ဘာလ ၂၅ ရက်နေ့သည် နာပိုလီဂန္ထဝင်ကစားသမား ဒီယေဂို မာရာဒိုနာ ကွယ်လွန်ခြင်း (၅) နှစ်ပြည့်နေ့ဖြစ်ပြီး နိုင်ပွဲကို ၎င်းအတွက် ရည်ညွှန်းနိုင်ပါက သိပ်ကောင်းမည်ဟု ကွန်တီက ဆိုသည်။ မာရာဒိုနာသည် နာပိုလီအသင်းနှင့်အတူ စီးရီးအေချန်ပီယံဆုအပါအဝင် ပြည်တွင်းဖလားများနှင့် UEFA ဖလားများကို ရယူပေးခဲ့သူဖြစ်သည်။ လက်ရှိတွင် နာပိုလီအသင်းသည် ချန်ပီယံလိဂ်ပွဲစဉ် (၄) ပွဲကစားအပြီး ၄ မှတ်သာ ရရှိထားပြီး ကာရာဘတ်အသင်းက ၇ မှတ် ရရှိထားသည်။

news-view-count-icon

39