back

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်မီသည့် IT လူငယ်ပညာရှင်များကို စဉ်ဆက်မပြတ် ပျိုးထောင်ပေးရန် တိုက်တွန်း

Nov 25 • 1:31 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်မီသည့် IT လူငယ်ပညာရှင်များကို စဉ်ဆက်မပြတ် ပျိုးထောင်ပေးရန် တိုက်တွန်း

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် အိုင်တီလူငယ်ပညာရှင်များကို အရည်အသွေးပြည့်မီစွာ...

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် အိုင်တီလူငယ်ပညာရှင်များကို အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ် ပျိုးထောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် ရန်ကုန်တိုင်းရှိ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (IT University) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် တိုက်တွန်းပြောကြားခဲ့သည်။ ထို့ပြင် ၎င်းက အင်ဂျင်နီယာ နည်းပညာကဏ္ဍတွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေး နှင့် နိုင်ငံ့အကျိုးပြု သုတေသနစီမံကိန်းများဖြင့် ရှင်သန်သက်ဝင်သော တက္ကသိုလ်များ ဖြစ်စေရေးကိုလည်း ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးသည် ကျောင်းဖွင့်ချိန်အမီ ပြင်ဆင်ထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။

news-view-count-icon

24