ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပြည်နယ် ၁၀ ခုတွင် ရေကြီးမှုများ ဆက်လက်ဖြစ်ပွားနေပြီး၊ စုစုပေါင်း အိမ်ထောင်စု ၇၁၉,၈၅၈ စုမှ လူဦးရေ ၁,၉၁၇,၅၂၁ ဦး (၂ သန်းနီးပါး) ထိခိုက်ခဲ့ကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးဌာန (DDPM) က ထုတ်ပြန်သည်။ ထိခိုက်မှုရှိသော ပြည်နယ်များမှာ စူရတ်ဌာနီ၊ ခရာဘီ၊ နခွန်ဆီထမ်မာရတ်၊ ထရမ်းဂ်၊ ဖတ်သားလုန်၊ စတုန်း၊ စုန်ခလာ၊ ပတ္တာနီ၊ ယာလာ နှင့် နရာသီဝပ်တို့ ဖြစ်ပြီး လက်ရှိတွင် ရေမျက်နှာပြင်များ မြင့်တက်နေဆဲ ဖြစ်သည်။ အထူးသဖြင့် စုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့တွင် စံချိန်တင် ရေကြီးမှုဖြစ်ပွားနေပြီး နိုဝင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ရေအမြင့်ဆုံးအဆင့်သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားသဖြင့် ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အာဏာပိုင်များက ညွှန်ကြားထားသည်။
Nov 25 • 1:22 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


