ထိုင်းနိုင်ငံတောင်ပိုင်း၊ စုန်ခလာပြည်နယ်၊ ဟတ်ယိုင်မြို့ တွင် စံချိန်တင် ရေကြီးမှုများ ဖြစ်ပေါ်နေပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများပါ ရေဘေးဒဏ်ကို ကြုံတွေ့နေရကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့ သတင်းများအရ သိရသည်။ လက်ရှိတွင် ဟတ်ယိုင်မြို့၌ ရေဘေးသင့်သူ ၄၆၅,၀၀၀ ကျော်ရှိနေပြီး ရေထပ်မံ မြင့်တက်လာနိုင်သည့်အတွက် ဒေသအစိုးရက နေထိုင်သူများအား အရေးပေါ် ပြောင်းရွှေ့ရန် အသိပေးထားသည်။ ထိုင်းဝန်ကြီးချုပ် အနုတင်သည် အရေးပေါ်အစည်းအဝေး ပြုလုပ်ကာ ဟတ်ယိုင်မြို့ကို အကူအညီပေးရန်အတွက် ထိုင်းတစ်နိုင်ငံလုံးမှ ရေစုပ်စက်များ စုဆောင်း၍ စေလွှတ်ရန် ညွှန်ကြားခဲ့သည်။ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်သည့်အတွက် စုန်ခလာနှင့် ပတ်ဝန်းကျင်ခရိုင်များအား အရေးပေါ် ရွှေ့ပြောင်းရန် အစိုးရအဖွဲ့က သတိပေးထားသည်။
Nov 25 • 1:23 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


