back

MAI လေကြောင်းလိုင်း၏ ထိန်းချုပ်မှုပြင်ပ အကြောင်းရင်းများကြောင့် ခရီးစဉ်နှောင့်နှေးခြင်းနှင့် အိတ်များကျန်ခဲ့ခြင်း ဖြစ်ပေါ်နိုင်ဟုဆို

Nov 25 • 1:20 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

MAI လေကြောင်းလိုင်း၏ ထိန်းချုပ်မှုပြင်ပ အကြောင်းရင်းများကြောင့် ခရီးစဉ်နှောင့်နှေးခြင်းနှင့် အိတ်များကျန်ခဲ့ခြင်း ဖြစ်ပေါ်နိုင်ဟုဆို

MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လေကြောင်းလိုင်း၏ ထိန်းချုပ်မှုပြင်ပ အကြောင်းရင်းများကြောင့် လေယာဉ်ခရီးစဉ်များ အချိန်နှောင့်နှေးခြင်းနှင့် ...

MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လေကြောင်းလိုင်း၏ ထိန်းချုပ်မှုပြင်ပ အကြောင်းရင်းများကြောင့် လေယာဉ်ခရီးစဉ်များ အချိန်နှောင့်နှေးခြင်းနှင့် ခရီးဆောင်အိတ်များ ကျန်ရှိခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ထိုသို့သော အကြောင်းရင်းများတွင် ဆိုးရွားသည့် ရာသီဥတု၊ လေဆိပ်ပိတ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းများ ၊ လေကြောင်းအသွားအလာ ပိတ်ဆို့မှုများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လုံခြုံရေးစစ်ဆေးမှုများ အချိန်ပိုကြာခြင်းတို့ ပါဝင်သည်။ ထို့အပြင် ခရီးသည်များ အချိန်မီမရောက်ခြင်း သို့မဟုတ် လုံခြုံရေးအရ ပစ္စည်းများ ပြန်ချရခြင်း စသည့် လေကြောင်းလုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကလည်း အခက်အခဲများ ဖြစ်ပေါ်စေနိုင်ကြောင်း ထုတ်ပြန်ထားသည်။

news-view-count-icon

19