back

Facebookက Reels မူပိုင်ခွင့်ကာကွယ်မှုအတွက် "Content Protection" Tool အသစ် မိတ်ဆက်

Nov 25 • 1:19 AM

breaking-news

မြန်မာ

ပြည်ပ

cover

Facebookက Reels မူပိုင်ခွင့်ကာကွယ်မှုအတွက် "Content Protection" Tool အသစ် မိတ်ဆက်

Meta ကုမ္ပဏီသည် Facebook ပေါ်ရှိ ကိုယ်ပိုင်ဖန်တီးထားသော Video Reels များကို ခိုးယူကူးယူခြင်းမှ ကာကွယ်ရန်နှင့် စီမံခန့်ခွဲနိုင်ရန် "Facebook Content Protection" ...

Meta ကုမ္ပဏီသည် Facebook ပေါ်ရှိ ကိုယ်ပိုင်ဖန်တီးထားသော Video Reels များကို ခိုးယူကူးယူခြင်းမှ ကာကွယ်ရန်နှင့် စီမံခန့်ခွဲနိုင်ရန် "Facebook Content Protection" အမည်ရှိ Tool အသစ်ကို မိတ်ဆက်လိုက်သည်။ ဤစနစ်သည် ကူးယူထားသည်ဟု ယူဆရသော ဗီဒီယိုများကို အလိုအလျောက် စစ်ဆေးပြီး မူရင်းဖန်တီးသူအား အချက်အလက် (တူညီမှု ရာခိုင်နှုန်း၊ ကြည့်ရှုသူ၊ ဝင်ငွေရှိမရှိ) အပြည့်အစုံဖြင့် အကြောင်းကြားမည်ဖြစ်သည်။ ဖန်တီးသူများသည် ခိုးကူးဗီဒီယိုကို ဖယ်ရှားရန် (Block)၊ မူရင်းပိုင်ရှင်သို့ Credit Link ချိတ်ရန် သို့မဟုတ် ခွင့်ပြုရန် စသည့် ရွေးချယ်မှု သုံးခုထဲမှ တစ်ခုကို စီမံခန့်ခွဲနိုင်သည်။ လက်ရှိတွင် ဤ Tool ကို Facebook Content Monetization Program တွင် ပါဝင်သည့် သတ်မှတ်ချက်ပြည့်မီသော ဖန်တီးသူများသာ အသုံးပြုနိုင်သေးသည်။ အလွဲသုံးစားပြုလုပ်ပါက အသုံးပြုခွင့်ကို အပြီးတိုင် ပိတ်ပင်မည်ဟုလည်း Meta က သတိပေးထားသည်။

news-view-count-icon

29