မြိတ်မြို့မအားကစားကွင်းအရှေ့တွင်ရှိသည့် ဆိုင်ခန်းတွဲများကို စစ်ကော်မရှင်လက်အောက်ခံ အားကစားဝန်ကြီးဌာနက အပြီးတိုင်ဖယ်ရှားခိုင်းနေကြောင်း မြိတ်မြို့ခံများထံမှ သိရသည်။ အဆိုပါအားကစားကွင်းအရှေ့တွင် ဆိုင်ခန်းပေါင်း ၃၀ နီးပါးရှိပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားဖယ်ရှားပေးရန် အားကစားဦးစီးဌာနထံက အကြောင်းကြားစာပေးပို့ထားကြောင်း ဆိုင်ခန်းပိုင်ရှင်အချို့က ပြောဆိုသည်။ ဆိုင်ခန်းနေရာများကို နှစ် ၃၀ စာချုပ်ဖြင့် ရောင်းချထားပြီး နှစ်ပြည့်ရန်အတွက် လေးနှစ်နီးပါးလိုသေးကြောင်း ဆိုင်ခန်းပိုင်ရှင်အမျိုးသမီးတစ်ဦးက ဆိုသည်။ အဆိုပါဆိုင်ခန်းများကို ဖယ်ရှားရာတွင်လည်း နစ်နာကြေးတစ်စုံတစ်ရာ ပြန်ပေးရန်လည်း မပြောခဲ့ကြောင်း ဆိုင်ခန်းပိုင်ရှင်အချို့ထံမှ သိရသည်။



