back

နမ့်ဆန်မြို့တွင် သက်ငယ်မုဒိန်းမှုကျူးလွန်သူ အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိ

Nov 24 • 3:49 PM

breaking-news

မြန်မာ

ရှမ်း

cover

နမ့်ဆန်မြို့တွင် သက်ငယ်မုဒိန်းမှုကျူးလွန်သူ အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိ

နမ့်ဆန်မြို့နယ်ရှိ အာရမ်းကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာ (၁၅)ရက်နေ့ ညနေ ၇ နာရီအချိန်၌ အသက် (၂၄)အရွယ် အမျိုးသားသည် သူငယ်ချင်းအိမ်တွင် အရက်သေစာသောက်ကာ အလွန်မူးသေ...

နမ့်ဆန်မြို့နယ်ရှိ အာရမ်းကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာ (၁၅)ရက်နေ့ ညနေ ၇ နာရီအချိန်၌ အသက် (၂၄)အရွယ် အမျိုးသားသည် သူငယ်ချင်းအိမ်တွင် အရက်သေစာသောက်ကာ အလွန်မူးသောကြောင့် ၎င်းအိမ်တွင် တည်းခိုခဲ့ပြီး နိုဝင်ဘာ (၁၆)ရက်နေ့ နံနက် ၂ နာရီခွဲအချိန်တွင် ဆယ်ကျော်သက်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး၏ အိမ်ပေါ်ကိုတက်ပြီး အတင်းအဓမ္မပြုကျင့်ခဲ့ ကြောင်းထုတ်ပြန်ထားသည်။မိသားစုများမှ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့ထံ သွားရောက်တိုင်ကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့က ပြီးခဲ့သည့် နိုဝင်ဘာ (၁၆)ရက်နေ့တွင် မုဒိန်းမှုကျူးလွန်သူအမျိုးသားကို သွားရောက်ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး တရားဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဆက်လက်လုပ်ဆောင်နေ ကြောင်းဖော်ပြထားသည်။




news-view-count-icon

20