နိုဝင်ဘာလ ၁၈ရက် နေ့လယ်ပိုင်းက တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု၊ ဟိုခိုရွာအနီးရှိ ဓာတ်တိုင် ၂တိုင်တွဲကို ကားတစ်စီးက ဝင်တိုက်မိခြင်းဖြစ်ပြီး ယင်းယာဉ်တိုက်မှုကြောင့် တာချီလိတ်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များအပါအဝင် နေရာအများစု၌ လျှပ်စစ်မီး ၂ရက်ခန့် ပြတ်တောက်သွားခဲ့သည်။ယင်းယာဉ်တိုက်မှုမှ ယာဉ်မောင်းကို ဝမ်ပုံနယ်မြေရဲစန်းတွင် အမှုဖွင့်ထားကြောင်း သိရပြီး မီးလင်းရေးကော်မတီနှင့် ဌာနဆိုင်ရာများက ဘတ် သိန်း ၃၀ ကျော် တောင်းခံခဲ့ကြောင်းသိရပါသည်။



