back

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းတွင် ငွေကျပ် သိန်းတစ်သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Nov 24 • 1:12 PM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းတွင် ငွေကျပ် သိန်းတစ်သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပင်လောင်းမြို့နယ်၊လိန်းလီကျေးရွာအနီးတွင် မောင်းနှင်လာသော မော်တော်ယာဉ်များကို စစ်ဆေးရှာဖွေနေစဉ် ခန့်ဝင်းဇော် မောင်းနှင်ပြီး မျိုးမင်းထွ...

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပင်လောင်းမြို့နယ်၊လိန်းလီကျေးရွာအနီးတွင် မောင်းနှင်လာသော မော်တော်ယာဉ်များကို စစ်ဆေးရှာဖွေနေစဉ် ခန့်ဝင်းဇော် မောင်းနှင်ပြီး မျိုးမင်းထွန်း လိုက်ပါလာသည့် FOTON အမျိုးအစား မော်တော်ယာဉ်ပေါ်မှ ကာလပေါ်က်ဈေး ငွေကျပ် သိန်း ၄၀၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈၁၀၀၀၀ ပြားကို နိုဝင်ဘာ ၁၇ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၁၈ ရက်နေ့တွင် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်စေခိုင်းသူ ရဲမင်းနိုင်(ခ) ရဲကြီး ကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်ရှိ နေအိမ်တွင် ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ထို ဖမ်းဆီးရမိသူများကို သက်ဆိုင်ရာတာဝန်ရှိသူများက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။




news-view-count-icon

17