back

မန္တလေးမှာ ပုဂ္ဂလိကဘဏ်တွေအနီး မီးလောင်မှုဖြစ်ပွားခဲ့

Nov 24 • 1:15 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမှာ ပုဂ္ဂလိကဘဏ်တွေအနီး မီးလောင်မှုဖြစ်ပွားခဲ့

မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းကကမ္ဘောဇ၊ ရိုးမ၊ အင်း၀ အစရှိသည့်ပုဂ္ဂလိကဘဏ်များနှင့်ကပ်လျက်ရပ်ကွက်အတွင်းရှိ လူနေအိမ်တစ်လုံးမှစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ အခ...

မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းကကမ္ဘောဇ၊ ရိုးမ၊ အင်း၀ အစရှိသည့်ပုဂ္ဂလိကဘဏ်များနှင့်ကပ်လျက်ရပ်ကွက်အတွင်းရှိ လူနေအိမ်တစ်လုံးမှစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ အချိန်မီ မီးထိန်းနိုင်သဖြင့်ဘေးသို့မီးကူးစက်လောင်ကျွမ်းခြင်းမရှိခဲဲ့ကြောင်း မီးလောင်ပြင်ရောက်ရှိကူညီပေးခဲ့သည့် လူမှုရေးအသင်းများထံကသိရသည်။မီးလောင်ကျွမ်းမှုဖြစ်ခဲ့သည့်နေရာသည်၊ မန္တလေးဈေးချိုနာရီစင်အနောက်ဘက် အောင်မြေသာစံမြို့နယ် သီရိမာလာအရှေ့ရပ်ကွက်၊ ၂၅ လမ်းနှင့် ၂၆ လမ်းကြား၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားဖြစ်ပြီး၊ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင်စတင်လောင်ကျွမ်းခဲ့ပြီးနောက် ၁၅ မိနစ်ခန့်အကြာတွင် မီးထိန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



news-view-count-icon

31