back

ဘန်ကောက် အကျဉ်းထောင်မှ အစိုးရဝန်ထမ်း ၂၀ ကို ရာထူးကနေ ဆိုင်းငံ့မည်

Nov 24 • 1:11 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက် အကျဉ်းထောင်မှ အစိုးရဝန်ထမ်း ၂၀ ကို ရာထူးကနေ ဆိုင်းငံ့မည်

ထိုင်းနိုင်ငံ၊ ဘန်ကောက် Remand အကျဉ်းထောင်မှာရှိတဲ့ ဝန်ထမ်း ၂၀ ဟာ ချမ်းသာတဲ့ တရုတ်အကျဉ်းသားတွေဆီကနေ လာဘ်ငွေယူတယ်လို့ သံသယရှိပြီးနောက် အစိုးရဝန်ထမ်းအဖြစ်ကနေ ယာယီ...

ထိုင်းနိုင်ငံ၊ ဘန်ကောက် Remand အကျဉ်းထောင်မှာရှိတဲ့ ဝန်ထမ်း ၂၀ ဟာ ချမ်းသာတဲ့ တရုတ်အကျဉ်းသားတွေဆီကနေ လာဘ်ငွေယူတယ်လို့ သံသယရှိပြီးနောက် အစိုးရဝန်ထမ်းအဖြစ်ကနေ ယာယီဖယ်ရှားခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ အကျဉ်းဦးစီးဌာန ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဒီနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ပြောပါတယ်။ ဝန်ထမ်းတချို့ဟာ မကာအို အပါအဝင် ပြည်ပခရီးစဉ်တွေကို သွားရောက်ခဲ့ကြပြီး အဲဒီစရိတ်တွေကို ချမ်းသာတဲ့ တရုတ်အကျဉ်းသားတွေက ကျခံပေးခဲ့တယ်ဆိုတဲ့ အချက်အလက်တွေ ပေါ်ထွက်လာပြီးနောက်မှာတော့ ဝန်ကြီးအနေနဲ့ ပြစ်ဒဏ်တွေကို ပိုမိုတင်းကြပ်သွားမှာဖြစ်တယ်လို့ Yutthana က ပြောပါတယ်။ နိုဝင်ဘာ ၁၆ ရက်နေ့က ဝင်ရောက်စီးနင်းရှာဖွေမှုအတွင်း "Grey Chinese" (မီးခိုးရောင်စီးပွားရေးလုပ်ကိုင်တဲ့ တရုတ်လူမျိုး) အကျဉ်းသားတွေဟာ ထောင်ထဲက နေရာတချို့ကို သူတို့ပိုင် "နိုင်ငံငယ်လေးတွေ" (ဒါမှမဟုတ်) "နတ်ဘုံနတ်နန်း" တွေအဖြစ် ဖန်တီးထားတဲ့ သက်သေတွေ တွေ့ရှိခဲ့ပြီးနောက် ဘန်ကောက် Remand အကျဉ်းထောင် ဟာ အရှုပ်တော်ပုံရဲ့ ဗဟိုချက် ဖြစ်လာခဲ့ပါတယ်။ သူတို့ဟာ အောက်ပါ VVIP အခွင့်ထူးတွေကို ရရှိခံစားနေကြတယ်လို့ ဆိုပါသည်။




news-view-count-icon

21