ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်မှာ မကြာသေးခင်ရက်ပိုင်းက အကြီးစားအကျင့်ပျက်ခြစားမှု ကွန်ရက်တစ်ခုကို ထိုင်းအာဏာပိုင်တွေက ဖော်ထုတ်လိုက်ပါတယ်။ ဒီ စစ်ဆင်ရေးဟာ နိုင်ငံခြားသားတွေကို အမြဲတမ်းနေထိုင်ခွင့်နဲ့ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားရာမှာ အစိုးရဝန်ထမ်း၊ အထူးသဖြင့် ရွာလူကြီးတွေက ရှေ့ဆုံးကနေ လာဘ်ယူနေတာကို ပေါ်လွင်စေပါတယ်။ ငွေပေးခဲ့ရတဲ့ ဒေသခံတစ်ဦးရဲ့ ဖွင့်ဟချက်အရ နိုင်ငံသားဖြစ်ခွင့် လုပ်ငန်းစဉ်မှာ အဆင့်လိုက် ငွေတောင်းခံတာတွေ ရှိတယ်လို့ ပြောပါတယ်။ ပထမအဆင့်အနေနဲ့ ရွာလူကြီးက စာရွက်စာတမ်းတွေ စုဆောင်းစစ်ဆေးတဲ့အတွက် တစ်ဦးကို ဘတ် ၅၀၀ ကနေ ၁,၀၀၀ အထိ ပေးရတယ်လို့ ဆိုပါတယ်။ ဒုတိယအဆင့် လျှောက်လွှာတင်ချိန်မှာတော့ ငွေပမာဏက သိသိသာသာ မြင့်တက်လာပြီး ဘတ် ၄,၅၀၀ ကနေ ၄၅,၀၀၀ အထိ တောင်းခံပြီး ရွာလူကြီးကပဲ ထောက်ခံလက်မှတ် ထိုးပေးတယ်လို့ သိရပါသည်။



