ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ကျွန်းတော်ရပ်ကွက် နေထိုင်သူ မညိုမီထွန်း ၏ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေစစ်ဆေးရာ နေအိမ်အတွင်းမှ ကာလပေါက်ဈေး ငွေကျပ် ၆၀၈၈ ဒသမ ၅ သိန်း တန်ဖိုးရှိ ဘိန်းဖြူ အလေးချိန် ၂.၉၇ ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၅၆၄၀၀ ပြား တို့ကို နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ထို ဖမ်းဆီးရမိသူများကို သက်ဆိုင်ရာတာဝန်ရှိသူများက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။



