back

ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ

Nov 24 • 1:06 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ

ထိုင်းနိုင်ငံ၊ ချွန်ဘူလီခရိုင် ဘန်းဘင်မြို့ရှိဖော့ကြိတ်စက်ရုံတွင်လုပ်ကိုင်နေသော မြန်မာလုပ်သား ကိုသက်ဇော်ကိုသည် နိုဝင်ဘာ ၁၉ ရက် ညသန်းခေါင်အချိန်တွင် ဖော့အဟောင်းမ...

ထိုင်းနိုင်ငံ၊ ချွန်ဘူလီခရိုင် ဘန်းဘင်မြို့ရှိဖော့ကြိတ်စက်ရုံတွင်လုပ်ကိုင်နေသော မြန်မာလုပ်သား ကိုသက်ဇော်ကိုသည် နိုဝင်ဘာ ၁၉ ရက် ညသန်းခေါင်အချိန်တွင် ဖော့အဟောင်းများကြိတ်နေစဥ် စက်ထဲသို့လက်ငြိပါသွားရာမှ လူတစ်ကိုယ်လုံးစက်ထဲသို့ဝင်သွားကာ သေဆုံးသွားခဲ့ရခြင်းဖြစ်ပြီး ၎င်းရဲ့နစ်နာကြေးရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်နေကြောင်း ကူညီပေးနေသော WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရပါတယ်။ အဆိုပါဖြစ်စဥ်အတွင်းသေဆုံးခဲ့သော မြန်မာလုပ်သား ကိုသက်ဇော်ကိုသည် ပန်းရောင်ကတ် ကိုင်ဆောင်ထားသူဖြစ်ပြီး ၎င်းစက်ရုံတွင်လုပ်ကိုင်နေသည်မှာ ငါးလခန့်သာရှိသေးကြောင်းသိရပါတယ်။ 



news-view-count-icon

15