back

ရန်ကုန်မြို့တွင် ယာဉ် ၆ စီး ဆင့်တိုက်မှုဖြစ်ပွားပြီး တစ်နှစ်သားကလေးငယ်နှင့်ဆိုင်ကယ်ကယ်ရီသမားတစ်ဦးပွဲချင်းပြီး ‌ေ-သဆုံး

Nov 24 • 1:04 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့တွင် ယာဉ် ၆ စီး ဆင့်တိုက်မှုဖြစ်ပွားပြီး တစ်နှစ်သားကလေးငယ်နှင့်ဆိုင်ကယ်ကယ်ရီသမားတစ်ဦးပွဲချင်းပြီး ‌ေ-သဆုံး

နိုဝင်ဘာလ ၂၄ ရက် နံနက် ၉ နာရီကျော်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အလယ်ရွာမှတ်တိုင်အနီးတွင် ကျောင်းကြို၊ပို့ ယာဉ်တံဆိပ်ပါ မီနီဘတ်...

နိုဝင်ဘာလ ၂၄ ရက် နံနက် ၉ နာရီကျော်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အလယ်ရွာမှတ်တိုင်အနီးတွင် ကျောင်းကြို၊ပို့ ယာဉ်တံဆိပ်ပါ မီနီဘတ်စ်တစ်စီး ဘရိတ်ပေါက်အရှိန်လွန်၍ ဘေးတွဲသုံးစီးအပါအဝင် ယာဉ် ၆ စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ကျောင်းကြိုပို့ယာဉ်မှာ ဘရိတ်ပေါက်ပြီး ရှေ့တွင် မောင်းနှင်နေသည့် ဘေးတွဲဆိုင်ကယ် ကယ်ရီ ၃ စီးကို ဆင့်ကဲတိုက်မိခဲ့ရာ ကယ်ရီမှာဆန့်ကျင်ဘက် ယာဉ်ကြောဘက်ထိ လွင့်စင်ရောက်ရှိသွားစဉ် တစ်ဖက်လမ်းကြောမှ မောင်းနှင်လာသော ကုန်တင်ကားကြီးအောက်သို့ လွင့်စင်သွားသည့် ကယ်ရီ၏ယာဉ်မောင်းမှာ ကုန်ကားအောက် ရောက်ရှိသွားကာ အခင်းဖြစ်နေရာ၌ပင်ပွဲချင်းပြီး ‌ေ-သဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ကလေးနေမကောင်း၍ ဆေးခန်းပြပြီး ပြန်လာသည့်သားအမိ စီးနင်းလာသော ကယ်ရီကို အဆိုပါဘရိတ်ပေါက်ကျောင်း ကြို ပို့ယာဉ်က နောက်ထပ် တိုက်မိခဲ့သည့် အတွက် မိခင်နှင့် ကလေး ကယ်ရီပေါ်က ပြုတ်ကျခဲ့ကြောင်း၊ ပြုတ်ကျသည့်အရှိန်ဖြင့် ကလေးမှာလွင့်စင်သွားခဲ့ပြီး ‌နောက်မှ မောင်းနှင်လာသည့် Light truck ယာဉ်က တိုက်ကြိတ်မိရာမှ ‌ဦးခေါင်းပွင့်ထွက်လျက်နေရာ၌ပင် ‌ေ-သဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။



news-view-count-icon

32