မွန်ပြည်နယ် ကျိုက်မရောမြို့ ဘိန်းဗျောဘုရားကုန်းလမ်းမ ကော့တာလမ်းဝအနီးရှိ နေအိမ် ဈေးဆိုင်ရှေ့တွင်ယနေ့ နိုဝင်ဘာလ ၂၄ ရက် နံနက် ၉ နာရီကျော်အချိန်တွင် ဗန်ဒါပင်ပေါ်တက်ပြီး သစ်ကိုင်းများ တက်ခုတ်သူ အသက်၆၈နှစ်အရွယ် အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံးခဲ့တဲ့အတွက် မြို့ခံ လူမှုကူညီရေးအသင်း သွားရောက်ကူညီပေးခဲ့ပါတယ်။ ဗန်ဒါပင်ပေါ်တက်ပြီး သစ်ကိုင်းတွေ ခုတ်နေစဉ် အပင်ပေါ်က ဓာတ်ကြိုးနဲ့ ထိမိခဲ့တဲ့အတွက် ဓာတ်လိုက်ပြီး သစ်ပင်ပေါ်မှ ဇောက်ထိုးကျကာ သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။



