ထိုင်း-မြန်မာ နယ်စပ်၊ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြဝတီ-မဲဆောက် အမှတ် (၁) တံတားမှာ ခရီးသည်အကြို/ပို့ပြုလုပ်တဲ့ မြန်မာကားသမားတစ်ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက နိုဝင်ဘာလ ၂၃ ရက် ညနေပိုင်းမှာ ဖမ်း ဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အသက် ၃၅ နှစ်အရွယ်ရှိ ကိုအောင်အောင် ဆိုသူဖြစ်ပြီး မဲဆောက်မြို့နယ်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး သူ့ကို ရဲတပ်ဖွဲ့က ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။



