ကမ္ဘောဒီးယားအမျိုးသားအိုလံပစ်ကော်မတီ (NOCC) က လာမည့် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) တွင် ၎င်းတို့နိုင်ငံအနေဖြင့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အတည်ပြုကြေညာပြီးနောက် ကမ္ဘောဒီးယားပြည်သူများအကြား တုံ့ပြန်မှု အမျိုးမျိုးရှိခဲ့ကြောင်း သိရသည်။



