back

ဗီယက်နမ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ရာဂဏန်းနားထိ နီးကပ်လာ

Nov 24 • 5:05 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ရာဂဏန်းနားထိ နီးကပ်လာ

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် အောက်တိုဘာလလယ်မှစ၍ လွန်ကဲသော မိုးဆက်တိုက်ရွာသွန်းမှုများ ကြောင့် နောက်ဆက်တွဲ ရေကြီးခြင်းနှင့် မြေပြိုခြင်...

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် အောက်တိုဘာလလယ်မှစ၍ လွန်ကဲသော မိုးဆက်တိုက်ရွာသွန်းမှုများ ကြောင့် နောက်ဆက်တွဲ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားခဲ့ရာ နိုဝင်ဘာ ၂၃ ရက် ညပိုင်းအထိ သေဆုံးသူ ၉၀ ကျော် လွန်သွားခဲ့ကြောင်း သိရသည်။ ရေကြီးမှုများကြောင့် ကမ္ဘာလှည့်ခရီးသွားဇုန်များအပါအဝင် နေရာအများအပြား ပျက်စီးခဲ့ပြီး၊ ပြည်နယ် ၅ ခု၏ ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် ဒေါ်လာ ၃၄၃ သန်း ခန့်အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးတွင်လည်း စပါးစိုက်ပျိုးဧရိယာ ဟက်တာ ၈၀,၀၀၀ ကျော် ပျက်စီးကာ မွေးမြူရေးတိရစ္ဆာန် ၃.၂ သန်းခန့် သေဆုံးခဲ့သည်။ ယခုနှစ် ပထမ ၁၀ လတာအတွင်း သဘာဝဘေးအန္တရာယ်များကြောင့် စုစုပေါင်း လူ ၂၇၉ ဦးထက်မနည်း သေဆုံးပြီး စီးပွားရေးဆုံးရှုံးမှုမှာ ဒေါ်လာ ၂ ဘီလီယံကျော်ထိ ရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

27