အဆိုတော်ကြီးဂျေမောင်မောင်ဟာ ဦးနှောက်သွေးကြောပေါက်ပြီး ခွဲစိတ်ကုသမှုခံယူရပေမယ့် သတိပြန်ရလာ ပြီးဖုန်းနဲ့စကားပြောနိုင်တယ်လို့ ဂစ်တာနိုင်ဇော်ရဲ့ဖော်ပြချက်အရသိရပါတယ်။‘’စစ်ဆေးကြည့်ပြီးဦးနှောက်သွေးကြောပေါက်သွားတယ်သိရလို့ခွဲစိတ်ကုသလိုက်တာပြန်လည်ပြီးသတိရသက်သာသွားပြီလို့ ပြောပါတယ်။လူနာရှင်အမက ကိုမောင်နဲ့ဖုန်းပေးပြောတာနဲ့ စကားပြောလိုက်ရပါတယ် သူကလည်းကျနော့်ကိုသိပြီး ပြန်စကားပြောပါတယ်”လို့ ဂစ်တာနိုင်ဇော်ကသူရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားတာဖြစ်ပါတယ်။လက်ရှိအချိန်မှာအဆိုတော်ကြီးဂျေမောင်မောင်ဆေးရုံကဆင်းပြီးသူ့သမီးအိမ်မှာလိုက်နေကာပြန်လည် လေ့ကျင့်ရေးဆရာမနဲ့ပုံမှန်ပြန်ဖြစ်အောင်ကြိုးစားနေတယ်လို့ ပြောပါသည်။



