ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်၊ ဘာဝနာမဟာသဘာတရားထိုင်ခန်းမ၌ ကျောင်းဒါယကာ၊ ဒါယိကာမများက ဦးဆောင်မတည်၍ တည်ဆောက်ပြီးစီးခဲ့သည့် အနာထပိဏ္ဍိကသံဃဝိဟာရ လေးထပ်ကျောင်းဆောင်သစ်ကြီးအား ကျင်းပသည်။အခမ်းအနားတွင် ပါမောက္ခချုပ်ဆရာတော်ထံမှ အလှူရှင်များက ငါးပါးသီလခံယူ ဆောက်တည်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ထို့နောက် ကျပ်သိန်းပေါင်း ၄၂၀၀၀ တန်ဖိုးရှိသော အလျားပေ ၂၀၀၊ အနံ ၆၀ ပေ၊ အမြင့် ၄၆ပေရှိ အနာထပိဏ္ဍိကသံဃဝိဟာရ လေးထပ်ကျောင်းဆောင်သစ်ကြီး နှင့်စပ်လျဉ်းသည့် အင်ဂျင် နီယာဆိုင်ရာ စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ပြီးနောက် ဒုတိယပါမောက္ခချုပ် (စီမံ) က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် လေးထပ်ကျောင်းဆောင်သစ်ကြီး ရေစက်ချလှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ
Nov 24 • 4:58 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 22 | 0 | 0 | 0 |


