Shwe Min Nyi Naung (Diamond & Gold Jewellery) ၏ စိန်ရွှေရတနာ ဈေးရောင်းပွဲတော်ကြီးကို ဒီဇင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက် တို့တွင် Fortune Plaza ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ယင်းပွဲတော်တွင် ၂၀၂၆ New Collection အဖြစ် သဘာဝတွင်းထွက်ရတနာ နီလာဖြူ (စိန်ချွန်း) ကလပ်အပွင့်ကြီးများ ကို ကိုယ်ပိုင်ဒီဇိုင်းဖြင့် ခတ်လုပ်ထားပြီး အကယ်ဒမီများရှင် အိန္ဒြာကျော်ဇင် ခမ်းနားထည်ဝါစွာ ဆင်မြန်းထားသည့် လက်ဝတ်ရတနာများအား မိတ်ဆက်ရောင်းချမည်ဖြစ်သည်။ အဆိုပါ နီလာဖြူ လက်ဝတ်ရတနာများကို ဒီဇင်ဘာလ ၃၁ ရက်အတွင်း ဝယ်ယူပါက ၁၅% အထူးလျှော့ဈေး ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အကယ်ဒမီ အိန္ဒြာကျော်ဇင် ဆင်မြန်းသည့် နီလာဖြူ (စိန်ချွန်း) လက်ဝတ်ရတနာများပါဝင်သော ရွှေမင်းညီနောင်၏ စိန်ရွှေရတနာ ဈေးရောင်းပွဲတော် ကျင်းပမည်
Nov 24 • 5:22 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 103 | 0 | 0 | 0 |


