back

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲ ကျင်းပမည်

Nov 24 • 4:32 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲ ကျင်းပမည်

လာမည့် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့” ကို ဂုဏ်ပြုသောအားဖြင့် လမ်းပြကြယ် (Guiding Star) အဖွဲ့မှ ရုပ်ရှင်ဇာတ်လမ်းတိုပြိုင...

လာမည့် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့” ကို ဂုဏ်ပြုသောအားဖြင့် လမ်းပြကြယ် (Guiding Star) အဖွဲ့မှ ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲ တစ်ခုကို ကျင်းပမည်ဖြစ်သည်။ ဗီဒီယိုဖန်တီးမှုကို ဝါသနာပါသူ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲခေါင်းစဉ်များအဖြစ် မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်နှင့် အခက်အခဲများကို ကြံ့ကြံ့ခံကာ လူ့အဖွဲ့အစည်းတွင် ပါဝင်လှုပ်ရှားနေမှုများ ကို ဖော်ကျူးရမည်ဖြစ်သည်။ ဗီဒီယိုကြာချိန်ကို တစ်မိနစ်မှ သုံးမိနစ်အတွင်း သတ်မှတ်ထားပြီး ပထမဆု ကျပ်လေးသိန်း အပါအဝင် ဆုများချီးမြှင့်မည်ဖြစ်ကာ ပြိုင်ပွဲဝင် ဗီဒီယိုများကို ဒီဇင်ဘာ ၅ ရက်နေ့ ညနေ ၅ နာရီအထိ နောက်ဆုံးထား ပေးပို့နိုင်ကြောင်း သိရသည်။

news-view-count-icon

57