နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၅ ခုနှစ် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ၏ သတ္တမမြောက်နေ့တွင် ခင်းကျင်းပြသထားသည့် အုပ်စု (အေနှင့် ဘီ) မှ ကျောက်စိမ်းအတွဲပေါင်း ၉၀၀ အနက်မှ ၆၄၀ တွဲ ကို ပြည်တွင်းပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ခဲ့သည်။ ပြပွဲတစ်လျှောက် အုပ်စု (အေ၊ ဘီနှင့် စီ) တို့မှ ကျောက်စိမ်းအတွဲပေါင်း ၅,၀၈၅ တွဲကို ရောင်းချလျက်ရှိပြီး၊ နိုဝင်ဘာလ ၂၆ ရက်နေ့အထိ ကျန်ရှိသည့် ကျောက်စိမ်းအတွဲများကို နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေတို့ဖြင့် ဆက်လက်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။



