မြန်မာနိုင်ငံမှာ သီးနှံ(၁၇)မျိုးစိုက်ပျိုးကြပြီး ဒူးရင်းနဲ့အာလူးစိုက်ဧကဟာ အရင်နှစ် (၂၀၂၀-၂၀၂၁ခုနှစ်)တွေထက်စာရင် အခု(၂၀၂၄-၂၀၂၅ခုနှစ်)မှာ စိုက်ပျိုးဧက အနည်းဆုံး ဖြစ်လာတယ်လို့ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရ ပါတယ်။ဒူးရင်းစိုက် ဧက ၁၅ဧကလျှော့နည်းလာသလို အာလူးစိုက်ဧက၆,၆၀၀ကျော် လျှော့နည်း လာတယ်လို့ဆိုပါတယ်။နေကြာစိုက်ဧကကတော့ စံချိန်တင်မြှင့်တက်လာပြီး ဧက(၄)သိန်း(၇)သောင်းကျော် အထိကိုတိုးတက်စိုက်ပျိုးနိုင်ခဲ့ပါတယ်။မြေပဲက ဧက(၄)သိန်း(၄)သောင်း၊ စပါးက ဧက(၂)သိန်း(၅)သောင်းအထိ စိုက်ပျိုး နိုင်ခဲ့ပြီး ကျန်သီးနှံတွေလည်း စိုက်ပျိုးဧကတွေတိုးပြီးစိုက်ပျိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Nov 24 • 3:45 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 53 | 0 | 0 | 0 |


