တစ်သက်တာ အမျိုးသားစာပေဆုရ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) (၉၁ နှစ်) ၏ ဈာပနကိုယမန်နေ့ နိုဝင်ဘာ ၂၃ ရက်နေ့တွင် နေအိမ်မှနေ၍ တံတားဦးသုဿန်သို့ ပို့ဆောင်ခဲ့ရာ စာရေးဆရာ၊ ကဗျာဆရာများနှင့် စာပေချစ်မြတ်နိုးသူများက လိုက်ပါနှုတ်ဆက်ခဲ့ကြသည်။ ဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) သည် ၁၉၆၅ ခုနှစ်တွင် "လမ်းသစ် ကဗျာများ" စာအုပ်ဖြင့် အမျိုးသားစာပေဆု ကို ဆွတ်ခူးရရှိခဲ့သူဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်တွင်လည်း အမျိုးသားစာပေ တစ်သက်တာဆု အတွက် ရွေးချယ်ချီးမြှင့်ခံခဲ့ရသည့် မြန်မာကဗျာလောကမှ ထင်ရှားသော ဆရာကြီးတစ်ဦးဖြစ်ပါသည်။


Nov 24 • 3:45 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


