back

ရခိုင်တွင် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်း ပိတ်ထား၍ကုန်စျေးနှုန်းမြင့်တက်

Nov 24 • 3:44 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်တွင် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်း ပိတ်ထား၍ကုန်စျေးနှုန်းမြင့်တက်

ရခိုင်ပြည်နယ်သို့ အဓိက ကုန်စည်စီးဆင်းသည့် အိန္ဒိယနိုင်ငံ-ပလက်ဝနယ်စပ် ကုန်သွယ်မှုလမ်းကြောင်း ယာယီပိတ်ထား၍ ရခိုင်ဒေသရှိ မြို့များတွင် ကုန်ဈေးနှုန်းများမြင့်တက်နေပ...

ရခိုင်ပြည်နယ်သို့ အဓိက ကုန်စည်စီးဆင်းသည့် အိန္ဒိယနိုင်ငံ-ပလက်ဝနယ်စပ် ကုန်သွယ်မှုလမ်းကြောင်း ယာယီပိတ်ထား၍ ရခိုင်ဒေသရှိ မြို့များတွင် ကုန်ဈေးနှုန်းများမြင့်တက်နေပြီး ဆေးဝါးပြတ်လပ်နေကြောင်း သတင်းအရင်းမြစ်များထံက သိရသည်။ကုန်စျေးနှုန်းများသည် နိုဝင်ဘာလ တတိယပတ်အတွင်း စတင်မြင့်တက်နေခြင်းဖြစ်သည်။ ကုန်အမျိုးအစားပေါ်မူတည်၍ ကျပ် ၂,၀၀၀ မှ ၅,၀၀၀ ကျပ် ဝန်းကျင်အထိ မြင့်တက်နေကြောင်း ဒေသခံကများက ဆိုသည်။ လက်ရှိတွင် ကုန်သည်များ လမ်းခရီးတွင် ပိတ်မိနေပြီး အထားမခံသည့်ကုန်ပစ္စည်းများပုပ်သိုးပျက်စီးခြင်းများရှိနေကြောင်း ကုန်သည်များနှင့် နီးစပ်သူများထံက သိရသည်။

news-view-count-icon

30