မြန်မာနိုင်ငံ၊ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်တွေရဲ့ သင်တန်းတွေအားလုံး နိုဝင်ဘာလ(၂၄)ရက်မှစတင်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။၂၀၂၅ခုနှစ်၊နိုဝင်ဘာလ(၁၇)ရက်ကနေ ကျောင်းစတင်ဖွင့်လှစ်ချိန် နိုဝင်ဘာလ(၂၄)ရက်အထိ ပိတ်ရက်မရှိကျောင်းလက်ခံခဲ့တယ်လို့လည်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူတွေအနေနဲ့ ၂၀၂၅-၂၀၂၆ပညာသင်နှစ် ပထမနှစ် နေ့သင်တန်းဝင်ခွင့်ရသူတွေစာရင်းကို ပညာရေးဝန်ကြီးဌာနနဲ့ အဆင့်မြင့်ဦးစီးဌာနရဲ့ ဝက်ဆိုက်တွေမှာကြေညာထားတယ်လို့ သိရပါတယ်။
Nov 24 • 3:43 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 40 | 0 | 0 | 0 |


