back

တရုတ်နိုင်ငံ၌ သစ်တောနှင့်မြက်ခင်းပြင်မီးဘေးအန္တရာယ်စီမံခန့်ခွဲရေး စည်းမျဥ်းသတ်မှတ်ချက် ထုတ်ပြန်

Nov 24 • 3:42 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ၌ သစ်တောနှင့်မြက်ခင်းပြင်မီးဘေးအန္တရာယ်စီမံခန့်ခွဲရေး စည်းမျဥ်းသတ်မှတ်ချက် ထုတ်ပြန်

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီချန်က သစ်တောနှင့် မြက်ခင်းပြင်မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးအတွက် ထုတ်ပြန်သည့် စည်းမျဥ်းသတ်မှတ်ချက် နိုင်ငံတော်ကော...

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီချန်က သစ်တောနှင့် မြက်ခင်းပြင်မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးအတွက် ထုတ်ပြန်သည့် စည်းမျဥ်းသတ်မှတ်ချက် နိုင်ငံတော်ကောင်စီအမိန့်ကြော်ငြာစာကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းစည်းမျဥ်းမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်အသက်ဝင်မည် ဖြစ်ကြောင်း သိရသည်။အဆိုပါစည်းမျဥ်းသတ်မှတ်ချက်အသစ်သည် ပြည်သူများ၏ အသက်အိုးအိမ်နှင့် ပိုင်ဆိုင်မှုများကို ကာကွယ်စောင့်ရှောက်ရန်၊ သစ်တောနှင့် သဘာဝမြက်ခင်းပြင်များ ကာကွယ်ရေးနှင့် ဂေဟစနစ်လုံခြုံရေး ထိန်းသိမ်းရန် စသည်တို့အတွက် ရည်ရွယ်ကြောင်း သိရသည်။အဆိုပါစည်းမျဥ်းတွင် သစ်တောနှင့် မြက်ခင်းပြင် မီးဘေးအန္တရာယ်စီမံဆောင်ရွက်မှုစည်းကမ်းများ ချိုးဖောက်သည့် တရားမဝင်လုပ်ဆောင်မှုများအတွက် တင်းကျပ်သည့် ဥပဒေတာဝန်ဝတ္တရားများ ပြဋ္ဌာန်းထားကြောင်း သိရသည်။

news-view-count-icon

30