ဧရာဝတီတိုင်း၊ မအူပင်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်)အား ယမန်နေ့ နိုဝင်ဘာ ၂၃ ရက်နံနက်ပိုင်းက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ ဖွင့်လှစ်နိုင်ခြင်းသည် နိုင်ငံတော်၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအတွက် လိုအပ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိုများစွာအထောက်အကူပြုစေမည်ဖြစ်သည့်အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းကအကျိုးပြုစေနိုင်မည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Nov 24 • 3:41 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 74 | 0 | 0 | 0 |


