back

ဘင်္ဂလားဒေ့ရှ် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁၀ ဦးထိရှိလာ၊ နောက်ဆက်တွဲငလျင်များ ဆက်လက်လှုပ်ခတ်နေ

Nov 24 • 2:32 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘင်္ဂလားဒေ့ရှ် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၁၀ ဦးထိရှိလာ၊ နောက်ဆက်တွဲငလျင်များ ဆက်လက်လှုပ်ခတ်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်အပြင်ဘက်တွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး တစ်ရက်အကြာဖြစ်သည့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် နေ...

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်အပြင်ဘက်တွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး တစ်ရက်အကြာဖြစ်သည့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် နောက်ဆက်တွဲငလျင်ငယ်နှစ်ခု ဆက်လက်လှုပ်ခတ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာန၏ အဆိုအရ နံနက်ပိုင်းက ရစ်ချ်တာစကေး ၃.၃ အဆင့် နှင့် ညနေပိုင်းတွင် ဒါကာမြို့တော်၌ ရစ်ချ်တာစကေး ၄.၃ အဆင့် ငလျင်များ ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာ ၂၁ ရက်က လှုပ်ခတ်ခဲ့သည့် ပင်မငလျင်ကြောင့် ဒါကာနှင့် အိမ်နီးချင်းခရိုင်များတွင် အပျက်အစီးများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံများသည် ထိတ်လန့်စိုးရိမ်မှုများဖြင့် နေထိုင်နေကြရကြောင်း သိရသည်။

news-view-count-icon

40