စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များ ဗလငါးတန်ပြည့်စုံစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ပြန်/ဆက်) နှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေး စာပေစကားဝိုင်း ကို နိုဝင်ဘာလ ၂၃ ရက်နေ့က ပြန်/ဆက်ရုံးရှိ Community Center ခန်းမ၌ ကျင်းပခဲ့သည်။ ဤစကားဝိုင်းတွင် ကျောင်းသား/သူများက လူငယ်နှင့်စာပေ၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်ခေါင်းဆောင်မှု၊ လူငယ်နှင့်အားကစား စသည့် ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ် ပြန်/ဆက် ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ နည်းပြဆရာ/မများအပြင် ကျောင်းသား/သူ စုစုပေါင်း ၁၀၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂဒေသ၊ လဟယ်မြို့တွင် လူငယ်များ ဗလငါးတန်ပြည့်စုံရေးအတွက် စာပေစကားဝိုင်း ကျင်းပ
Nov 24 • 2:23 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


