back

ဘန်ကောက်တွင် ပုံညွှန်းအတိုင်း မတူသည့် တက်တူးထိုးပေးမှုဖြင့် တက်တူးဆရာကို အမှုဖွင့်တိုင်ကြား

Nov 24 • 2:33 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်တွင် ပုံညွှန်းအတိုင်း မတူသည့် တက်တူးထိုးပေးမှုဖြင့် တက်တူးဆရာကို အမှုဖွင့်တိုင်ကြား

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခင်နယ်မြေ၌ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးအား Tik Tok မှတစ်ဆင့် သိရှိသော တက်တူးဆရာက ပုံညွှန်းအတိုင်း တူအောင်မထိုးပေးနိုင်သောကြောင့...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခင်နယ်မြေ၌ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးအား Tik Tok မှတစ်ဆင့် သိရှိသော တက်တူးဆရာက ပုံညွှန်းအတိုင်း တူအောင်မထိုးပေးနိုင်သောကြောင့် နစ်နာသူ၏ မိသားစုဝင်များက နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အဆိုပါ တက်တူးဆရာကို အမှုဖွင့်တိုင်ကြားခဲ့သည်။ အခကြေးငွေ ဘတ် ၁၀၀ ပေး၍ ဟန်နုမာန်မျောက်မင်းပုံ ထိုးရာတွင် ပုံညွှန်းနှင့် မတူညီသည့်အတွက် မိသားစုဝင်များက တက်တူးဆရာအား တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ထိုင်းဥပဒေအရ အသက် ၁၈ နှစ်မပြည့်သေးသူများကို တက်တူးထိုးပေးပါက မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ယူရမည်ဖြစ်ပြီး ခွင့်ပြုချက်မယူဘဲ ထိုးပေးပါက ဥပဒေအရ အရေးယူခံရမည်ဟု ပြဋ္ဌာန်းထားသည်။

news-view-count-icon

39