ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတကာစျေးကွက်သို့ စက်ဘီးများတင်ပို့မှုသည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လ အတွင်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၀၂.၈ သန်း ရှိခဲ့ကာ ယမန်နှစ်အလားတူကာလထက် ၄၇.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၏ နိုဝင်ဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရသည်။ကမ္ဘောဒီးယားနိုင်ငံထုတ် စက်ဘီးများကို အများအားဖြင့် ဥရောပသမဂ္ဂ(အီးယူ)၊ ဗြိတိန်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ကနေဒါနိုင်ငံနှင့် အခြားသောနိုင်ငံများသို့လည်း တင်ပို့ခဲ့ရကြောင်း ကမ္ဘောဒီးယား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၏အတွင်းရေးမှူးနှင့် ပြောရေးဆိုခွင့် ရှိသူ Penn Sovicheat ၏ ပြောကြားမှုအရ သိရသည်။ 
Nov 24 • 2:14 AM
ကမ္ဘောဒီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


