back

ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေအစီအစဉ်တွင် ပုဂ္ဂလိကဘဏ် ၁၄ ခု ပါဝင်ပူးပေါင်းရန် စာချုပ်ချုပ်ဆို

Nov 24 • 2:14 AM

breaking-news

မြန်မာ

မွန်

cover

ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေအစီအစဉ်တွင် ပုဂ္ဂလိကဘဏ် ၁၄ ခု ပါဝင်ပူးပေါင်းရန် စာချုပ်ချုပ်ဆို

နိုင်ငံတော်စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ကျပ်ဘီလီယံ ၅၀ မတည်) ဖြင့် အကောင်အထည်ဖော်နေသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအစီအစဉ် တွင် ငွေရေးကြေးရေးအဖွဲ့အစည်...

နိုင်ငံတော်စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ကျပ်ဘီလီယံ ၅၀ မတည်) ဖြင့် အကောင်အထည်ဖော်နေသည့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအစီအစဉ် တွင် ငွေရေးကြေးရေးအဖွဲ့အစည်းများအဖြစ် ပုဂ္ဂလိကဘဏ် ၁၄ ခု ပူးပေါင်းပါဝင်ရန် သဘောတူစာချုပ် ချုပ်ဆိုလက်မှတ်ရေးထိုးခဲ့ကြသည်။ ယခင်က မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ဖြင့်သာ ဆောင်ရွက်ခဲ့ရာမှ ယခုအခါ ပုဂ္ဂလိကဘဏ်များပါ ထပ်မံပါဝင်လာခြင်းကြောင့် ချေးငွေအစီအစဉ်ကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဤချေးငွေဖြင့် ဆီစက်လုပ်ငန်းရှင်များသည် စက်အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းတို့ကို တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်း ဖြင့် ရယူဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယင်းအစီအစဉ်သည် ပြည်တွင်း၌ အရည်အသွေးမြင့် စားသုံးဆီ ဖြန့်ဖြူးမှုကို မြှင့်တင်ကာ နိုင်ငံခြားမှ စားသုံးဆီတင်သွင်းမှုနှင့် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်အတွက် အဓိကရည်ရွယ်ပါသည်။

news-view-count-icon

22