တရုတ်နိုင်ငံ၏ ဟိုင်နန်လေကြောင်းလိုင်းသည် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ချုံချင့်မြို့အကြား ဆက်သွယ်ထားသော တိုက်ရိုက်ခရီးသည်တင် လေယာဉ် ဝန်ဆောင်မှုတစ်ခုကို နိုဝင်ဘာ ၂၂ ရက်က စတင်ပြေးဆွဲပေးခဲ့ခြင်းဖြင့် ဘယ်လ်ဂျီယမ်နိုင်ငံနှင့် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသအကြား လေကြောင်းအဆက်အသွယ်သစ်တစ်ခုကို ထပ်မံပေါင်းထည့်နိုင်ခဲ့သည်ဟု သိရသည်။ဘရပ်ဆဲလ်မြို့မှ လေယာဉ်ခရီးစဉ် HU470 ဖြင့် တစ်ပတ် ၃ ကြိမ် ပျံသန်းပြေးဆွဲမည့် အဆိုပါခရီးစဉ်မှာ ပေကျင်းမြို့တော်၊ ရှန်ဟိုင်းမြို့နှင့် ဆန်းကျန့်မြို့များသို့ ပျံသန်းပြေးဆွဲပေးနေသော ဝန်ဆောင်မှုများ ပြီးလျှင် ဟိုင်နန်လေကြောင်းလိုင်း၏ ဘရပ်ဆဲလ်မြို့နှင့် တရုတ်ပြည်မကြီးကို စတုတ္ထမြောက် တိုက်ရိုက် ချိတ်ဆက်ပျံသန်းခြင်းဖြစ်သည်ဟု လေကြောင်းလိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံ၊ ဟိုင်နန်လေကြောင်းလိုင်းက ဘရပ်ဆဲလ်မြို့နှင့် ချုံချင့်မြို့အကြား ဆက်သွယ်ထားသော တိုက်ရိုက်လေယာဉ်ခရီးစဉ်အသစ် စတင်ပြေးဆွဲ
Nov 24 • 2:13 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


