back

ဗီယက်နမ်၊ ဒါနန်းမြို့၌ ခရစ္စမတ်ဈေးပွဲတော် ပြန်လည်ကျင်းပမည်

Nov 24 • 2:12 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ်၊ ဒါနန်းမြို့၌ ခရစ္စမတ်ဈေးပွဲတော် ပြန်လည်ကျင်းပမည်

ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့၏ "Danang Christmas Market 2025" ခရစ္စမတ်ဈေးပွဲတော်ကို ဒီဇင်ဘာလ ၅ ရက်မှ ၇ ရက်နေ့အထိ ပြန်လည်ကျင်းပတော့မည်ဖြစ်သည်။အဆိုပါ ပွဲတော်ကို နေ...

ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့၏ "Danang Christmas Market 2025" ခရစ္စမတ်ဈေးပွဲတော်ကို ဒီဇင်ဘာလ ၅ ရက်မှ ၇ ရက်နေ့အထိ ပြန်လည်ကျင်းပတော့မည်ဖြစ်သည်။အဆိုပါ ပွဲတော်ကို နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီအထိ၊ ဒါနန်းမြို့၊ Ngu Hanh Son ခရိုင်၊ Vo Nguyen Giap လမ်း၊ အမှတ် ၁၀၇ ရှိ Ariyana Convention Center Danang ၌ ကျင်းပသွားမည်ဖြစ်ကြောင်း DaNang 365 စီစဉ်သူအဖွဲ့က ထုတ်ပြန်ထားသည်။ပြင်ပနေရာတွင် စီစဉ်ထားသော ဤခရစ္စမတ်ဈေးပွဲတော်တွင် အနုပညာ၊ အစားအသောက်နှင့် တေးဂီတဆိုင်ရာ အစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး အများပြည်သူ အခမဲ့ ဝင်ရောက်လေ့လာနိုင်မည် ဖြစ်သည်။ ခရစ္စမတ်အားလပ်ရက်၏ စိတ်လှုပ်ရှားဖွယ်ရာများ ခံစားရန် ဤပွဲတော်ကို စီစဉ်ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

news-view-count-icon

18