back

ရှမ်းပြည်နယ်၊ကလောမြို့ရှိ ဘော်ဆိုင်းဆေးရုံတွင် ဆေးကုသစရိတ် ကြီးမြင့်သဖြင့် ဒေသခံ များပင်းတယထိ သွားကုနေရ

Nov 24 • 2:11 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ကလောမြို့ရှိ ဘော်ဆိုင်းဆေးရုံတွင် ဆေးကုသစရိတ် ကြီးမြင့်သဖြင့် ဒေသခံ များပင်းတယထိ သွားကုနေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်း တိုက်နယ်ဆေးရုံသည် ယခင်အစိုးရလက်ထက် က ရှမ်းပြည်နယ်အတွင်း အကောင်းဆုံး တိုက်နယ် ဆေးရုံ ဆုကို ရရှိထားသော်လည်း ၊ လက...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်း တိုက်နယ်ဆေးရုံသည် ယခင်အစိုးရလက်ထက် က ရှမ်းပြည်နယ်အတွင်း အကောင်းဆုံး တိုက်နယ် ဆေးရုံ ဆုကို ရရှိထားသော်လည်း ၊ လက်ရှိအချိန်တွင် ကုန်ကျ စရိတ် အမြင့်ဆုံး ပေးဆောင်နေရသဖြင့် ပြည်သူလူထု များ၊ လူနာရှင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။ဘော်ဆိုင်းဆေးရုံတွင် ရိုးရိုးမွေး လူနာကို ၄ သိန်း ကျော်၊ ခွဲမွေး လူနာ ၇ သိန်းကျော် အထိ ကုန်ကျ စရိတ် ရှိနေကြောင်း ၊ စေတနာရှင် အလှူရှင်များမှလည်း ဆေးဝါးများ လှူဒါန်းပေးနေသော်လည်း ကုန်ကျစရိတ် မြင့်တက်နေကြောင်း ၊ ဘော်ဆိုင်း ဆေးရုံ တက်ရောက်ကုသရန် တစ်သိန်း အောက် ထစ်ဆုံး ကုန်ကျနိုင်ကြောင်းဒေသခံထံ သိရသည်။ထို့ကြောင့် လူနာရှင်များသည် ဘော်ဆိုင်းဆေးရုံတွင် မတက်ရောက်ကုသတော့ဘဲ ၊ ပင်းတယဆေးရုံ ၊ မိုင်းအင်ဆေးရုံတို့တွင် သွားရောက် ကုသနေကြရကြောင်း ဒေသခံကဆို သည်။

news-view-count-icon

59