back

ရေကြီးမှုကြောင့် ထိုင်းနိုင်ငံ Hat Yai လေဆိပ်နှင့် ဟိုတယ်များတွင် နိုင်ငံခြားသား ခရီးသွား ၁,၀၀၀ ကျော် ပိတ်မိ

Nov 24 • 2:11 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ရေကြီးမှုကြောင့် ထိုင်းနိုင်ငံ Hat Yai လေဆိပ်နှင့် ဟိုတယ်များတွင် နိုင်ငံခြားသား ခရီးသွား ၁,၀၀၀ ကျော် ပိတ်မိ

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ Hat Yai ခရိုင်၌ ရေကြီးမှုများကြောင့် Hat Yai လေဆိပ်နှင့် ဟိုတယ်များတွင် နိုင်ငံခြားသားခရီးသွား ၁,၀၀၀ ကျော် ပိတ်မိနေခဲ့သည်...

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ Hat Yai ခရိုင်၌ ရေကြီးမှုများကြောင့် Hat Yai လေဆိပ်နှင့် ဟိုတယ်များတွင် နိုင်ငံခြားသားခရီးသွား ၁,၀၀၀ ကျော် ပိတ်မိနေခဲ့သည်။ မြို့လယ်ခေါင်သို့ သွားလာရေး ခက်ခဲနေသော်လည်း လေဆိပ်တာဝန်ရှိသူများက ပိတ်မိနေသည့် ခရီးသည်များအတွက် အစားအသောက်နှင့် လိုအပ်ပစ္စည်းများ ထောက်ပံ့ပေးနေသည်။ အစိုးရအနေဖြင့် ပိတ်မိသူများကို သယ်ယူပို့ဆောင်ပေးရန် စစ်တပ်နှင့် ဆည်မြောင်းဦးစီးဌာနမှ ကားကြီးများ ကို အသုံးပြုကာ ကူညီဆောင်ရွက်ပေးနေသည်။ လက်ရှိတွင် Hat Yai လေဆိပ်ကို ဆက်လက် ဖွင့်လှစ်ထားဆဲဖြစ်ပြီး မိုးလျော့သွားပါက ရက်ပိုင်းအတွင်း အခြေအနေ ပုံမှန်ပြန်ဖြစ်နိုင်ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးက ပြောသည်။ Songkhla ခရိုင်တစ်ခုလုံးတွင် ရေကြီးမှုကြောင့် ကျေးရွာ ၆၃၇ ရွာမှ လူဦးရေ ၄၆၅,၀၀၀ ခန့် ရေဘေးသင့်ခဲ့ပြီး Hat Yai ခရိုင်တစ်ခုတည်းမှ လူဦးရေ ၂၄၃,၀၀၀ ပါဝင်ကြောင်း သိရသည်။

news-view-count-icon

31