နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်၊ ဝမ်ပုံဆိပ်ကမ်းမှ လာအိုနိုင်ငံဘက်သို့ အလုပ်သမား ၂၁ ဦး တင်ဆောင်၍ ထွက်ခွာလာသော လှေတစ်စီးသည် မဲခေါင်မြစ်အတွင်း တိမ်းမှောက်ခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ၅ နှစ်သားကလေးငယ်အပါအဝင် ၆ ဦး ပျောက်ဆုံးနေပြီး၊ ကယ်တင်နိုင်ခဲ့သူ ၁၆ ဦး ကိုမူ လာအိုနိုင်ငံ၊ ဘော်ကီယိုခရိုင်ရှိ အချုပ်ခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။ လာအိုဘက်ခြမ်းသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူ မြန်မာရွှေ့ပြောင်းလုပ်သားများသည် တရားမဝင် လမ်းကြောင်းများမှ ပုံမှန်သွားလာနေကြပြီး၊ လက်ရှိတွင် လာအို၌ မြန်မာလုပ်သား တစ်သိန်းကျော်ရှိကြောင်း သတင်းများက ဆိုသည်။
Nov 24 • 1:47 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


