back

ရန်ကုန်တွင် လမ်းလယ်မီးတိုင်များ ဆက်လက်တပ်ဆင်၊ သင်္ကန်းကျွန်းနှင့် အခြားမြို့နယ်များတွင် အဓိကလမ်းများ၌ ဆောင်ရွက်နေ

Nov 24 • 1:56 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တွင် လမ်းလယ်မီးတိုင်များ ဆက်လက်တပ်ဆင်၊ သင်္ကန်းကျွန်းနှင့် အခြားမြို့နယ်များတွင် အဓိကလမ်းများ၌ ဆောင်ရွက်နေ

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီးများတွင် လမ်းလယ်မီးတိုင်များ ဆက်လက် တပ်ဆင်တည်ဆောက်နေသည်။ အဓိက ဆောင်ရွက်နေသည့် လမ်းများမှာ ...

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီးများတွင် လမ်းလယ်မီးတိုင်များ ဆက်လက် တပ်ဆင်တည်ဆောက်နေသည်။ အဓိက ဆောင်ရွက်နေသည့် လမ်းများမှာ သင်္ကန်းကျွန်းမြို့နယ်ရှိ လေးထောင့်ကန်လမ်းမကြီး (မင်းရဲကျော်စွာဂုံးကျော်မှ စံပြဈေးအထိ ၂.၂၃ မိုင်)၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ပုဇွန်တောင်လမ်းတလျှောက်ရှိ အထက်ပုဇွန်တောင်လမ်းမကြီး၊ နှင့် တာမွေ၊ မင်္ဂလာတောင်ညွန့်မြို့နယ်များရှိ သမိန်ဗရမ်းလမ်းမကြီး (တာမွေအဝိုင်းထိပ်မှ သာကေတတံတားအထိ) တို့ဖြစ်သည်။ ဤလုပ်ငန်းများတွင် မီးတိုင်စုစုပေါင်း ၁၂၁ တိုင်၊ မီးလုံး ၂၅၆ လုံးနှင့် မြေအောက်မီးလိုင်းကြိုး ၁၃,၆၀၄ ပေ တပ်ဆင်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

news-view-count-icon

26