ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်၊ ဘန်ယိုင်မြို့နယ်၊ စောင်ထုံယိုင်ကျေးရွာ၊ လာ့ပခေါင်ထမ်ဘုန်းကြီးကျောင်းမှာ မီးသင်္ဂြိုလ်ခါနီးမှ သေဆုံးသွားတဲ့ အဘွားအိုတစ်ဦး အသက်ပြန်ရှင်လာခဲ့တဲ့ဖြစ်စဉ်တစ်ခု ဒီနေ့ နိုဝင်ဘာလ ၂၃ ရက်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။သေရွာကနေပြန်လာခဲ့သူဟာ အသက် ၆၅ နှစ်အရွယ်ရှိ ထိုင်းအဘွားအိုတစ်ဦးဖြစ်ပြီး၊ ဘုန်ကြီးကျောင်းမှာ မီးသင်္ဂြိုလ်ဖို့အတွက် လူမှုကူညီရေးအသင်းတာဝန်ရှိသူတွေက ရုပ်အလောင်းထည့်ထားတဲ့ အခေါင်းကို စစ်ဆေးချိန်မှာ အသက်ရှင်လျှက် တွေ့ရှိခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ သေရွာပြန် အဘွားကို ကျောင်းထိုင်ဆရာတော်ကြီးရဲ့ ညွှန် ကြားချက်နဲ့ ကျန်းမာရေးစစ်ဆေးဖို့ ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။



